Vehical Loan

 

သင့်ကား ပိုင်ဆိုင်မှုဖြင့် ချေးငွေ ရယူလိုပါသလား။

  • လုပ်ငန်းလုပ်ကိုင်ရန်အတွက် ချေးငွေရယူလိုသောလူကြီးမင်းများ အနေဖြင့် မိမိတို့၏ ကားပိုင်ဆိုင်မှုဖြင့် A1 Capital Company Limited မှချေးငွေရယူနိုင်ပါပြီ။

ချေးငွေသက်တမ်း (Terms of Loan)

  • သက်တမ်း (၁) နှစ်

 ကုန်စည်အမျိုးအစားများ

  • လိုင်စင်ရှိလုပ်ငန်းသုံး မော်တော်ယာဉ်များ
  • လိုင်စင်ရှိ အိမ်သုံးမော်တော်ယာဉ်များ (၂၀၀၃ အထက်မော်တော်ယာဉ်များသာ)

 မော်တော်ယာဉ်တန်ဖိုးသတ်မှတ်ခြင်း

  • အာမခံအပေါင်ပစ္စည်းများဖြစ်သော မော်တော်ယာဉ်၏ တန်ဖိုးကို အာမခံကုမ္ပဏီများနှင့် ညှိနှိုင်းပြီးဈေးကွက်ပေါက်ဈေး (Market-Value) နှင့် အတင်းအကျပ် ရောင်းဈေး (Force-Sale-Value) များပေါ်တွင် အခြေခံသတ်မှတ်ပါမည်။

ချေးငွေတန်ဖိုးသတ်မှတ်ခြင်း

  • မော်တော်ယာဉ်၏ Market Value ၏ (၄၀%)

မော်တော်ယာဉ်ဆိုင်ရာအထောက်အထားများ

  • မော်တော်ယာဉ် ပိုင်ဆိုင်မှု အထောက်အထားများ မိတ္တူ (၁)စုံ
  • အာမခံမော်တော်ယာဉ်၏ ဓါတ်ပုံ(ရှေ့၊ နောက်၊ ဘေး၊ အတွင်း)

ချေးငွေရယူမည့်သူ၏လိုအပ်ချက်များ

  • မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းမိတ္တူ (၁) စုံ
  • နေထိုင်ကြောင်းရပ်ကွက်/ကျေးရွာ၏ထောက်ခံချက်မူရင်း (၁) စုံ

 လုပ်ငန်းနှင့်ပတ်သက်သောလိုအပ်ချက်များ

  • သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ် နှင့် ထ.သ..က (လိုင်စင်)
  • Form(E), Form(6), Form(26)
  • ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်
  • သင်းဖွဲ့စည်းမျဉ်းနှင့်မှတ်တမ်း
  • လုပ်ငန်းလိုင်စင်မိတ္တူ (၁) စုံ
  • အရှုံးအမြတ်စာရင်းနှင့် လက်ကျန်ရှင်းတမ်း (အနီးဆုံးဘဏ္ဍာရေးနှစ် (၂) စာ) မူရင်း(၁) စုံ
  • အမြတ်ခွန်ပြေစာ (အနီးဆုံးဘဏ္ဍာရေးနှစ် (၂) စာ) မိတ္တူ (၁)စုံ
  • လုပ်ငန်းဓါတ်ပုံအထောက်အထားများမူရင်း (၁)စုံ

အတိုးနှုန်းသတ်မှတ်ခြင်း

  • တစ်နှစ်လျှင်အတိုးနှုန်း (၂၄%)

ဝန်ဆောင်ခနှုန်းထား

  • ၀န်ဆောင်ခ-ခွင့်ပြုချေးငွေ၏  (၁%)

ချေးငွေပြန်လည်ပေးဆက်ရန်

  • လစဉ် လဆန်း(၁) ရက်မှ လဆန်း (၅) ရက်အတွင်း

နောက်ကျကြေး (Late Fees)

  • တစ်လလျှင် (၄%)